ဝန်ကြီးဌာနသည် -
(က) ပုဒ်မ ၉ အရ တည်ထောင်ထားသည့် တိရစ္ဆာန်ဥယျာဉ် သို့မဟုတ် ရုက္ခဗေဒဥယျာဉ်ကို တစ်ခုချင်းအလိုက် ကြီးကြပ်ကွပ်ကဲရန် ဒေသခံတိုင်းရင်းသားပြည်သူများ ပါဝင်သည့် ကြီးကြပ် ရေးအဖွဲ့ကို ဖွဲ့စည်း၍ လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးရမည်။
(ခ) ကြီးကြပ်ရေးအဖွဲ့ကို လိုအပ်ပါက ပြင်ဆင်ဖွဲ့စည်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုနိုင် သည်။