ပုဒ်မ ၄၈၅
ပုဒ်မ ၄၈၅
ကုန်အမှတ်တံဆိပ်ကိုဖြစ်စေ၊ ပစ္စည်းအမှတ်တံဆိပ်ကိုဖြစ်စေ အတုပြုရန် ကိရိယာတစ်ခုခုကို ပြုလုပ် ခြင်း သို့မဟုတ် လက်ရှိထားခြင်း

မည်သူမဆို ကုန်အမှတ်တံဆိပ်ကိုသော်လည်းကောင်း၊ ပစ္စည်းအမှတ်တံဆိပ်ကိုသော်လည်း ကောင်း အတုပြုလုပ်ရန်အလို့ငှာ တံဆိပ်သွန်းရန် ပုံကို သို့မဟုတ် ပလိတ်ပြားကို သို့မဟုတ် အခြား ကိရိယာတစ်ခုခုကိုပြုလုပ်လျှင် သို့မဟုတ် လက်ရှိထားလျှင် သို့မဟုတ် ကုန်စည်သည် သူတစ်ဦး၏ ထုတ်လုပ်ကုန်စည်၊ အရောင်းအဝယ်ကုန်စည်တစ်ခုခု မဟုတ်ဘဲလျက် ဟုတ်မှန်ကြောင်းကိုသော်လည်း ကောင်း၊ ထိုအရောင်းအဝယ်ကုန်စည်ကို သူတစ်ဦးက မပိုင်ဘဲလျက် ပိုင်ကြောင်းကိုသော်လည်းကောင်း ဖော်ပြရန် အလို့ငှာ ကုန်အမှတ်တံဆိပ်ကိုဖြစ်စေ၊ ပစ္စည်းအမှတ်တံဆိပ်ကိုဖြစ်စေ လက်ရှိထားလျှင် ထိုသူကို သုံးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးသော်လည်းကောင်း၊ ငွေဒဏ်သော်လည်းကောင်း၊ ဒဏ်နှစ်ရပ် လုံးသော်လည်းကောင်း ချမှတ်ရမည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
  2. သာမန်အားဖြင့် သမ္မာန်စာကို မထမဦးစွာ ထုတ်ရမည်။ 
  3.  အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ 
  5. ခရိုင်တရားရုံး သို့မဟုတ် ပထမတန်း သို့မဟုတ် ဒုတိယတန်း အာဏာရ တရားသူကြီးက စစ်ဆေးနိုင်သည်။