ပုဒ်မ ၄၀၇
ပုဒ်မ ၄၀၇
သယ်ဆောင်သူ စသည်တို့က ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု

မည်သူမဆို သယ်ဆောင်သူအဖြစ်ဖြင့်သော်လည်းကောင်း၊ ဆိပ်ခံတံတားပိုင်ရှင်အဖြစ်ဖြင့် သော်လည်း ကောင်း၊ ကုန်ရုံမှူးအဖြစ်ဖြင့်သော်လည်း ကောင်း ပစ္စည်းအပ်နှံခြင်းခံရသည်တွင် ထိုပစ္စည်းနှင့် စပ်လျဉ်း၍ ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုကို ကျူးလွန်လျှင် ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။

 

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်သည်။
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။ 
  3. အာမခံ မပေးနိင်     
  4. ကျေအေးခွင့်မရှိ

ခရိုင်တရားရုံး သို့မဟုတ် ပထမတန်း သို့မဟုတ် ဒုတိယတန်း အာဏာရ တရားသူကြီးက စစ်ဆေးနိုင်သည်။