ဒီဂျစ်တယ်ပလက်ဖောင်း ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူသည် ဝန်ဆောင်မှုကို ရယူအသုံးပြု သူနှင့် သက်ဆိုင်သော အောက်ပါအချက်အလက်များကို သုံးနှစ်အထိ ထိန်းသိမ်းထားရမည်-
(က) ဝန်ဆောင်မှုကိုရယူအသုံးပြုသူ၏ ကိုယ်ရေးအချက်အလက်များ၊
(ခ) ဝန်ဆောင်မှုကိုရယူအသုံးပြုသူ၏ အသုံးပြုမှုမှတ်တမ်းများ၊
(ဂ) ဦးစီးဌာနက အခါအားလျော်စွာသတ်မှတ်သော အချက်အလက်များ။