ပြည်ထောင်စုအစိုးရအဖွဲ့သည်-
(က) ဤဥပဒေပါ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အလို့ငှာ ဒုတိယသမ္မတ တစ်ဦးကို ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးကို ဒုတိယဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ဆက်စပ်ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများနှင့် ဆက်စပ်ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ ဥက္ကဋ္ဌများကို အဖွဲ့ဝင်များအဖြစ်လည်းကောင်း ပါဝင်စေလျက် ဆိုက်ဘာလုံခြုံရေး ဆိုင်ရာ ဗဟိုကော်မတီကို ဖွဲ့စည်းရမည်။
(ခ) ဗဟိုကော်မတီကို ဖွဲ့စည်းရာတွင် အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးတို့ကို သတ်မှတ်တာဝန် ပေးရမည်။
(ဂ) ဗဟိုကော်မတီကို လိုအပ်ပါက ပုဒ်မခွဲ (က) ပါ သတ်မှတ်ချက်နှင့်အညီ ပြင်ဆင်ဖွဲ့စည်းနိုင်သည်။