(က) ဗဟိုဘဏ် ဥက္ကဋ္ဌသည် အစိုးရရှေ့နေ၏ စာဖြင့်ရေးသားသော သဘောတူညီချက်ဖြင့် ဤဥပ ဒေပြဋ္ဌာန်းချက်တစ်ရပ်ရပ် သို့မဟုတ် ဤဥပဒေအရ ပြုလုပ်သော စည်းမျဉ်းအရ ပြစ်မှုတစ်စုံတစ်ရာကို လူပုဂ္ဂိုလ်တစ်ဦးဦးက ကျူးလွန်ခဲ့သည်ဟု အကြောင်းအားလျော်စွာ သံသယရှိသူက ပြစ်မှုကို ဆက်လက် ကျူးလွန်သည့်ကိစ္စတွင် နေ့စဉ်ပေးရမည့် ဒဏ်ငွေရှိလျှင် ယင်းဒဏ်ငွေအပါအဝင် ဒဏ်ငွေပမာဏ၏ ၅၀ ရာခိုင်နှုန်းထက်မပိုသော ပမာဏကို လက်ခံခြင်းဖြင့် သတ်မှတ်ထားသော အချိန်အတွင်း အမှုများကို ကျေအေးရန် ကမ်းလှမ်းနိုင်သည်။
(ခ) ပုဒ်မခွဲ (က) အရ ကမ်းလှမ်းချက်တစ်ရပ်ရပ်ကို ပြစ်မှုကျူးလွန်ပြီးနောက် မည်သည့်အချိန်တွင်မဆို ပြုလုပ်နိုင်သည့်အပြင် ကမ်းလှမ်းချက်တွင် သတ်မှတ်သည့်အချိန်အတွင်း သို့မဟုတ် ဗဟိုဘဏ်ဥက္ကဋ္ဌက တိုးမြှင့်ပေးသည့်အချိန်အတွင်း ကမ်းလှမ်းချက်ပါ ငွေပမာဏကို မပေးသည့်အခါ ပြစ်မှုအတွက် တရား စွဲဆိုမှုကို အချိန်မရွေး ပြုလုပ်နိုင်သည်။
(ဂ) ပုဒ်မခွဲ (က)အရ ငွေပမာဏ တစ်ရပ်ကို လက်ခံရရှိသည့်အခါ အမှုနှင့်စပ်လျဉ်း၍ တရားစွဲဆို ဆောင် ရွက်ခြင်း မဖြစ်စေရ။
(ဃ) ဤပုဒ်မပါ မည်သည့်အချက်ကမျှ ထပ်မံကျူးလွန်သော ပြစ်မှုတစ်စုံတစ်ရာကို ကျေအေးရန် အခွင့်အာဏာ မဖြစ်စေရ။
(င) ပုဒ်မခွဲ (က) ပါပြဋ္ဌာန်းချက်များနှင့်အညီ ဗဟိုဘဏ်သို့ ပေးရသည့် ဒဏ်ကြေးတစ်စုံတစ်ရာကို တစ်စု တစ်ပေါင်းတည်း ပေးသွင်းရမည်။