ပုဒ်မ ၃၆၁
ပုဒ်မ ၃၆၁
ဥပဒေနှင့်အညီ အုပ်ထိန်းသူထံမှ လူခိုးမှု

မည်သူမဆို ဥပဒေနှင့်အညီ အုပ်ထိန်းသူ၏ ထိန်းသိမ်းခြင်းမှ အသက်ဆယ့်လေးနှစ်အောက် ယောက်ျားကလေးတစ်ဦးဦးကိုဖြစ်စေ၊ အသက်ဆယ့်ရှစ်နှစ်အောက် မိန်းကလေးတစ်ဦးဦးကိုဖြစ်စေ၊ စိတ်ပေါ့သွပ်သူ တစ်ဦးဦးကိုဖြစ်စေ ထိုအုပ်ထိန်းသူက သဘောမတူဘဲဆောင်ယူလျှင် သို့မဟုတ် သွေးဆောင်ဖြားယောင်းခြင်းအားဖြင့် ထွက်သွားစေလျှင် ထိုအရွယ်မရောက်သေးသူကို သို့မဟုတ် ထိုစိတ်ပေါ့သွပ်သူကို ဥပဒေနှင့် အညီ အုပ်ထိန်းသူထံမှ လူကိုခိုးယူသည်မည်၏။

ရှင်းလင်းချက်။ ဤပုဒ်မ၌ “ဥပဒေနှင့်အညီ အုပ်ထိန်းသူ” ဆိုသောစကားရပ်များတွင် ဆိုခဲ့သောအရွယ် မရောက်သေးသူကို သို့မဟုတ် အခြားသူကို ထိန်းသိမ်းစောင့်ရှောက်ရန်ဖြစ်စေ၊ အုပ်ထိန်းရန်ဖြစ်စေ ဥပဒေနှင့်အညီ ယုံမှတ်အပ်နှံခံရသူလည်း ပါဝင်သည်။

ကင်းလွတ်ချက်။ မိမိသည်တရားမဝင်ကလေး၏ ဖခင်ဖြစ်သည်ဟု သဘောရိုးဖြင့် ယုံကြည်သူ၏ ပြုလုပ်မှု သည် သို့မဟုတ် ထိုကလေးကို ဥပဒေနှင့်အညီ မိမိအုပ်ထိန်းပိုင်ခွင့်ရှိသည်ဟု သဘောရိုးဖြင့် ယုံကြည်သူ၏ ပြုလုပ်မှုသည် အကျင့်ဖောက်ပြားသောကိစ္စအလို့ငှာဖြစ်စေ၊ ဥပဒေနှင့်ဆန့်ကျင်သော ကိစ္စအလို့ငှာဖြစ်စေ ကျူးလွန်သော ပြုလုပ်မှုမဟုတ်လျှင် ဤပုဒ်မနှင့် မသက်ဆိုင်စေရ။