အုပ်ချုပ်ရေးမှူး၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -
(က) နေ့စဉ် စီမံခန့်ခွဲအုပ်ချုပ်မှု လုပ်ငန်းတာဝန်များ ထမ်းဆောင်ခြင်း၊
(ခ) တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ထိရောက်စွာ စီမံအုပ်ချုပ်ခြင်း၊
(ဂ) သဘာဝထိန်းသိမ်းရေးနယ်မြေ၊ တိရစ္ဆာန်ဥယျာဉ် သို့မဟုတ် ရုက္ခဗေဒဥယျာဉ်များအတွင်း ရှိ တိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်တို့၏ တည်ရှိဖြစ်ပေါ်ပြောင်းလဲနေမှုများကို ကွင်းဆင်းလေ့လာ ဖော်ထုတ်သုတေသနပြု မှတ်တမ်းတင်ခြင်း၊
(ဃ) ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာ ပညာပေးလုပ်ငန်းများကို ပြည်သူများအား စည်းရုံးပညာပေး၍ ပူးပေါင်းပါဝင် ဆောင်ရွက်လာစေခြင်း၊
(င) သဘာဝထိန်းသိမ်းရေးနယ်မြေ၏ အမာခံထိန်းသိမ်းရေးနယ်မြေကို မထိခိုက်စေဘဲ ကြားခံ နယ်မြေအတွင်း ဒေသခံပြည်သူတို့ အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အခြေခံ၍ ထိရောက်စွာ စီမံအုပ်ချုပ်ခြင်း၊
(စ) မြေအသုံးချမှုဆိုင်ရာ ပဋိပက္ခနှင့် အခြားပဋိပက္ခများ ကြုံတွေ့လာပါက အထက်အဆင့်ဆင့် သို့ တင်ပြခြင်း၊
(ဆ) သဘာဝထိန်းသိမ်းရေးနယ်မြေရှိ ကြားခံနယ်မြေအတွင်း သဘာဝအခြေခံခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံဆောင်ရွက်ခြင်း၊
(ဇ) ဒေသခံပြည်သူများပူးပေါင်းပါဝင်သည့် သဘာဝထိန်းသိမ်းရေးနယ်မြေ စီမံအုပ်ချုပ်မှု အတွက် နည်းပညာနှင့် ကျွမ်းကျင်မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းပေးခြင်း။