ကလေးသူငယ်၏ အခွင့်အရေးတစ်ရပ်ရပ် ဆုံးရှုံးနစ်နာခြင်းနှင့်စပ်လျဉ်း၍ နစ်နာသူ ကလေးသူငယ် ကိုယ်တိုင်ကဖြစ်စေ၊ ကလေးသူငယ် ၏ကိုယ်စား မိဘ၊ အုပ်ထိန်းသူကဖြစ်စေ၊ နီးစပ်ရာပုဂ္ဂိုလ်တစ်ဦးဦး ကဖြစ်စေ သက်ဆိုင်ရာ ဒေသဆိုင်ရာကော်မတီသို့လည်းကောင်း၊ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရ အဖွဲ့အစည်း သို့မဟုတ် တရားရုံးသို့လည်းကောင်း တင်ပြတိုင်တန်းခွင့်ရှိသည်။