ပုဒ်မ ၄၂၂
ပုဒ်မ ၄၂၂
မြီရှင်များရရှိနိုင်သော အကြွေးပေးဆပ်ခြင်းကို မရိုးမဖြောင့်သောသဘောဖြင့်ဖြစ်စေ၊ လိမ်လည်လှည့်ဖြား လိုသောသဘောဖြင့်ဖြစ်စေ တားဆီးခြင်း

မည်သူမဆို မိမိသို့ဖြစ်စေ၊ အခြားသူတစ်ဦးဦးသို့ဖြစ်စေ ပေးဆပ်ရန်ရှိသည့်ကြွေးမြီကို သော်လည်း ကောင်း၊ မိမိကဖြစ်စေ၊ အခြားသူတစ်ဦးဦးကဖြစ်စေ ရရန်ရှိသောရထိုက်ခွင့်ကို သော်လည်းကောင်း ဥပဒေ အရပေးဆပ်နိုင်ခြင်းကို မရိုးမဖြောင့်သော သဘောဖြင့်ဖြစ်စေ၊ လိမ်လည်လှည့်ဖြား လိုသောသဘောဖြင့် ဖြစ်စေ တားဆီးလျှင် ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။

 

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့် မရှိ
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။
  3. အာမခံ ပေးရမည်။        
  4. ကျေအေးခွင့် မရှိ.
  5. မည်သည့် တရားသူကြီးမဆို စစ်ဆေးနိုင်သည်။