ပုဒ်မ ၁၁၃
ပုဒ်မ ၁၁၃
အထွေထွေ

(က) ကလေးသူငယ်၏ အသက်နှင့်စပ်လျဉ်းသည့် အထောက်အထားကို အောက်ပါအစီအစဉ် အတိုင်း ဦးစားပေး စိစစ်ရမည်-

(၁) မွေးစာရင်း၊

(၂) ကျောင်းဝင်မှတ်ပုံတင်စာရင်း ကောက်နုတ်ချက် မိတ္တူမှန်၊

(၃) နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် ပြည်တွင်းတွင် အမြဲတမ်းနေထိုင်သော နိုင်ငံခြားသား မှတ်ပုံတင်လက်မှတ်၊

(၄) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသောသက်ဆိုင်ရာ ဆရာဝန်၏ ဆေးထောက်ခံချက်၊

(၅) အိမ်ထောင်စုစာရင်း

(၆) ပုဒ်မခွဲငယ် (၁) မှ (၅) အထိ သတ်မှတ်ထားသော အထောက်အထားများမရရှိပါက အခြားခိုင်လုံသော အထောက်အထားစာတမ်းအမှတ်အသားတစ်ခုခု။

(ခ) ကလေးသူငယ်၏ အသက်နှင့်စပ်လျဉ်း၍ မွေးဖွားသည့် ခုနှစ်နှင့် လအတွက်သာဖော်ပြနိုင်လျှင် မွေးရက်ကို ယင်းလ ၁၆ ရက်နေ့ဟု လည်းကောင်း၊ မွေးဖွားသည့် ခုနှစ်သာ ဖော်ပြနိုင်လျှင် မွေးလနှင့် နေ့ရက်ကို ထိုနှစ်၏ ဇူလိုင်လ ၁ ရက်နေ့ဟု လည်းကောင်းသတ်မှတ်နိုင်သည်။