နိုင်ငံတကာကုန်သွယ်မှုတွင် ကာကွယ်ထိန်းချုပ်သည့် တိရစ္ဆာန် နှင့် အပင်များ ဆိုသည်မှာ ကွန်ဗင်းရှင်းမှ ထုတ်ပြန်သတ်မှတ်သော တိရစ္ဆာန်နှင့် အပင်များကို ဆိုသည်။ ယင်းစကားရပ် တွင် ကွန်ဗင်းရှင်းမှ ထုတ်ပြန်သတ်မှတ်ခြင်းခံရသည့် တိရစ္ဆာန်နှင့် အပင်များ၏ အစိတ်အပိုင်း၊ သွေးရည်နှင့် ယင်းတို့ပါရှိသည့် ဆင့်ပွားထုတ်လုပ်ထားသော ပစ္စည်းများလည်း ပါဝင်သည်။
ရှင်းလင်းချက်(၁)။ နိုင်ငံတကာကုန်သွယ်မှု ဆိုသည်မှာ နောက်ဆက်တွဲစာရင်းဝင် မျိုးစိတ်များ ကို အကောက်ခွန်ဥပဒေပြဋ္ဌာန်းချက်၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ တင်ပို့ခြင်း၊ တစ်ဆင့်ခံ တင်ပို့ခြင်း သို့မဟုတ် တင်သွင်းခြင်းနှင့် ပင်လယ်ပြင်မှ စတင်ထုတ်ယူခြင်းတို့ကို ဆိုသည်။
ရှင်းလင်းချက်(၂)။ ပင်လယ်ပြင်မှစတင်ထုတ်ယူခြင်း ဆိုသည်မှာ မည်သည့်နိုင်ငံ၏ အချုပ် အခြာအာဏာသက်ရောက်မှုမရှိသည့် ပင်လယ်ပြင်မှ ထုတ်ယူသော မျိုးစိတ်တစ်မျိုးမျိုး၏ မျိုးစိတ်နမူနာကို မြန်မာနိုင်ငံအတွင်းသို့ သယ်ဆောင်ခြင်းကို ဆိုသည်။ ယင်းစကားရပ်တွင် ပင်လယ်ပြင်အထက်ရှိ လေထု၊ ပင်လယ်ကြမ်းပြင်နှင့် ပင်လယ်ကြမ်းပြင်အောက်ရှိ မြေလွှာ လည်း အကျုံးဝင်သည်။