ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ဝန်ကြီးဌာနနှင့် ညှိနှိုင်း၍-
(က) မသန်စွမ်းမှုဖြစ်ခြင်းကို ကာကွယ်သည့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်ရမည်။
(ခ) မွေးကင်းစကလေးနှင့် ကလေးသူငယ်များတွင် မသန်စွမ်းမှုဖြစ်ပွားသည့်နှုန်း အနည်းဆုံးဖြစ်စေရန် စီမံချက်များ ရေးဆွဲဆောင်ရွက်ရမည်။
(ဂ) မသန်စွမ်းကလေးသူငယ်များအတွက် အရည်အသွေးပြည့်မီသော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဝန်ဆောင်မှုများကို ကျေးလက်ဒေသများအထိ အခမဲ့ သို့မဟုတ် မသန်စွမ်းသူများ ကျခံနိုင်သော နှုန်းထားဖြင့် ရရှိနိုင်ရန် စီစဉ်ဆောင်ရွက်ပေးရမည်။