မည်သူမဆို ရာဇဝတ်မကင်းသော ခြောက်လှန့်မှုကို ကျူးလွန်လျှင် ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ (***) ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
အကယ်၍ ခြိမ်းခြောက်ခြင်းသည် သေစေရန် သို့မဟုတ် အပြင်းအထန်နာကျင်စေရန်စသည်တို့ဖြစ်လျှင်။
ထို့ပြင် အကယ်၍ ခြိမ်းခြောက်ခြင်းသည် သေစေမည်ဟုသော်လည်းကောင်း၊ အပြင်းအထန်နာကျင်စေ မည်ဟုသော်လည်းကောင်း၊ ပစ္စည်းကိုမီးဖြင့် ပျက်ဆီးစေမည်ဟုသော်လည်းကောင်း၊ သေဒဏ်ဖြစ်စေ၊ (***) ခုနစ်နှစ်ထိ ထောင်ဒဏ်ဖြစ်စေ ထိုက်သောပြစ်မှုကို ကျူးလွန်မည်ဟုသော်လည်းကောင်း၊ ကာမ ဖောက်ပြန်ကြောင်းဖြင့် မိန်းမတစ်ဦးအား စွပ်စွဲမည်ဟုသော်လည်းကောင်း ခြိမ်းခြောက်ခြင်းဖြစ်လျှင် ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
သေစေရန် သို့မဟုတ် အပြင်းအထန်နာကျင်စေမည်စသဖြင့် ခြောက်လှန့်မှုဖြစ်လျှင်-