ဒါရိုက်တာများနှင့် အရာရှိများ၏ ပေးရန်တာဝန်
(က) ဤဥပဒေနှင့်အခြားဥပဒေတစ်ရပ်ရပ်အရ ပြဋ္ဌာန်းသတ်မှတ်သည့် ပေးရန်တာဝန်များအပြင် ဘဏ်၏ဒါရိုက်တာ၊ အမှုဆောင်အရာရှိချုပ် သို့မဟုတ် အရာရှိသည် ၎င်း၏လုပ်ငန်းတာဝန်များ ဆောင် ရွက်ရာတွင် အလွန်အမင်းပေါ့ဆမှုကြောင့် ဖြစ်စေ၊ တမင်မလျော်မကန်ပြုလုပ်မှုကြောင့်ဖြစ်စေ ဘဏ်တွင် သော်လည်းကောင်း၊ ဘဏ်၌ ငွေအပ်နှံသူ အခြားပုဂ္ဂိုလ်တွင် သော်လည်းကောင်း ဖြစ်ပေါ်သည့် ဆုံးရှုံးမှု သို့မဟုတ် နစ်နာမှုအတွက် ပေးလျော်ရန်တာဝန်ရှိသည်။
(ခ) ဤပုဒ်မပါ ပုဂ္ဂိုလ်က လုပ်ပိုင်ခွင့်လွှဲအပ်ထားသူ၏ အလွန်အမင်းပေါ့ဆမှုကြောင့်ဖြစ်စေ၊ တမင် မလျော်မကန် ပြုလုပ်မှုကြောင့်ဖြစ်စေ ဆုံးရှုံးမှု သို့မဟုတ် နစ်နာမှုအတွက် အဆိုပါ လွှဲအပ်တာဝန်ပေးသူ နှင့် လွှဲအပ်တာဝန်ပေးခြင်းခံရသူတို့သည် တစ်ဦးချင်းသော်လည်းကောင်း၊ တွဲဖက်၍သော်လည်းကောင်း ပေးလျော်ရန် တာဝန်ရှိစေရမည်။
(ဂ) ဤပုဒ်မအရ ဒါရိုက်တာ သို့မဟုတ် အရာရှိထံမှ ဆုံးရှုံးနစ်နာမှုကို ပြန်လည်ပေးလျော်ရန် ဆောင်ရွက် ချက်များကို ပေါ့ဆမှု သို့မဟုတ် မလျော်မကန်ပြုလုပ်မှု ဖြစ်ပေါ်ပြီး သုံးနှစ် အတွင်း စတင်ပြုလုပ်ရမည်။