ပုဒ်မ ၃၆၇
ပုဒ်မ ၃၆၇
အပြင်းအထန်နာကျင်စေခြင်း၊ ကျွန်ပြုခြင်း စသည်တို့ကိုခံစေရန် လူခိုးမှု သို့မဟုတ် သွေးဆောင်ဆွဲခေါ်မှု

မည်သူမဆို အပြင်းအထန်နာကျင်စေခြင်းကို သို့မဟုတ် ကျွန်ပြုခြင်းကို သို့မဟုတ် ဓမ္မတာအတိုင်း မဟုတ်သည့် တဏှာရာဂဒဏ်ကို ခံစားစေရန်သော်လည်းကောင်း၊ ထိုသို့ခံရမည့် ဘေးရောက်လောက် အောင် စီမံခန့်ခွဲနိုင်ရန်သော်လည်းကောင်း၊ ထိုသို့ခံရမည်ဖြစ်တန်ရာသည်ကို သို့မဟုတ် ထိုသို့ စီမံခန့်ခွဲခြင်းခံရမည် ဖြစ်တန်ရာသည်ကို သိလျက်နှင့်သော်လည်းကောင်း၊ သူတစ်ဦးဦးကိုခိုးယူလျှင် သို့မဟုတ် သွေးဆောင်ဆွဲခေါ်လျှင် ထိုသူကိုဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။
  3. အာမခံ မပေးနိုင်
  4. ကျေအေးခွင့် မရှိ

စက်ရှင်တရားရုံးက စစ်ဆေးနိုင်သည်။