အသက်ဆယ်နှစ်အောက်ကလေး၏ ကိုယ်မှရွှေ့ပြောင်းနိုင်သည့် ပစ္စည်းတစ်ခုခုကို မရိုးမဖြောင့်သော သဘောဖြင့် ယူရန်အကြံဖြင့် မည်သူမဆို ထိုကလေးအား ခိုးယူလျှင် သို့မဟုတ် သွေးဆောင် ဆွဲခေါ်လျှင် ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
ခရိုင်တရားရုံး သို့မဟုတ် ပထမတန်း သို့မဟုတ် ဒုတိယတန်း အာဏာရ တရားသူကြီးက စစ်ဆေးနိုင်သည်။