ပုဒ်မ ၄၃၁
ပုဒ်မ ၄၃၁
အများပြည်သူသွားလာရာလမ်း၊ တံတား၊ မြစ်၊ ချောင်း၊ တူးမြောင်းများကိုဖျက်ဆီးခြင်းဖြင့် အကျိုး ဖျက်ဆီးမှု

မည်သူမဆို အများပြည်သူသွားလာရာလမ်း၊ တံတား၊ ရေကြောင်းသွားလာနိုင်သည့် မြစ်၊ ချောင်း၊ တူးမြောင်းကိုသော်လည်းကောင်း၊ သဘာဝသို့မဟုတ် လူတို့ပြုလုပ်ထားသည့် ရေကြောင်းသွားလာနိုင် သည့် လမ်းကြောင်းကိုသော်လည်းကောင်း၊ ခရီးသွားမှုအတွက်ဖြစ်စေ၊ ပစ္စည်းသယ်ယူ ပို့ဆောင်မှုအတွက် ဖြစ်စေ မသွားမလာနိုင်အောင် သို့မဟုတ် လုံခြုံမှုလျော့ပါးအောင်ဖြစ်စေသော သို့မဟုတ် ထိုသို့ ဖြစ်စေ တန်ရာသည်ကို မိမိသိသော ပြုလုပ်မှုကိုပြုခြင်းဖြင့် အကျိုးဖျက်ဆီးမှုကို ကျူးလွန်လျှင် ထိုသူကို ငါးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့် ရှိသည်။
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။
  3. အာမခံ ပေးရမည်။        
  4. ကျေအေးခွင့် မရှိ
  5.  စက်ရှင်တရားရုံး သို့မဟုတ် မည်သည့် တရားသူကြီးမဆို စစ်ဆေးနိုင်သည်