လျှို့ဝှက်ချက်များ ထိန်းသိမ်းရန်တာဝန်
(က) ဘဏ်သည် မိမိအဖွဲ့အစည်းနှင့် ဆက်သွယ်ဆောင်ရွက်သူများ၏ ငွေစာရင်း၊ မှတ်တမ်းနှင့် လွှဲ ပြောင်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များကို လုံခြုံစွာထိန်းသိမ်းရမည်။
(ခ) ဘဏ်တစ်ခုခု၏ ဒါရိုက်တာ၊ အရာရှိ သို့မဟုတ် ဝန်ထမ်းများသည် ဆက်သွယ်ဆောင်ရွက်သူ၏ သတင်းအချက်အလက်အား မည်သူ့ကိုမျှ ပေးခြင်း သို့မဟုတ် အခြားနည်းဖြင့် ထုတ်ဖော်ခြင်းမပြုရ။
(ဂ) ပုဒ်မခွဲ (က) ပါပြဋ္ဌာန်းချက်ကို ဖောက်ဖျက်၍ ပုဂ္ဂိုလ်တစ်ဦးဦး သိရှိစေရန်အလို့ငှာ ထုတ်ဖော်သော သတင်းအချက်အလက် သို့မဟုတ် စာတမ်းအမှတ်အသားတစ်ခုခုကို ရရှိသူသည် အခြားပုဂ္ဂိုလ်တစ်ဦး ဦးအား အလားတူထုတ်ဖော်ခြင်း မပြုရ။