ပြည့်တန်ဆာကိစ္စအလို့ငှာဖြစ်စေ၊ သူတစ်ဦးဦးနှင့် မတရားသဖြင့် ကာမစပ်ယှက်စေရန် ကိစ္စ အလို့ငှာဖြစ်စေ၊ ဥပဒေနှင့်မညီသည့် အကျင့်ဖောက်ပြားသောကိစ္စအလို့ငှာဖြစ်စေ မည်သည့်အသက် အရွယ်၌မဆို စေခိုင်းရန် သို့မဟုတ် အသုံးပြုရန်အကြံဖြင့်သော်လည်းကောင်း အဆိုပါကိစ္စတစ်ခုခုအလို့ငှာ ထိုသို့စေခိုင်း ခြင်းခံရမည် ဖြစ်တန်ရာသည်ကို သို့မဟုတ် ထိုသို့အသုံးပြုခြင်းခံရမည် ဖြစ်တန်ရာသည်ကို သိလျက်နှင့် သော်လည်းကောင်း မည်သူမဆို အသက်ဆယ့်ရှစ်နှစ်အောက်ရှိသူအား ဝယ်ယူလျှင် သို့မဟုတ် ငှားရမ်းလျှင် သို့မဟုတ် အခြားနည်းလက်ရှိရယူလျှင် ထိုသူကို ဆယ်နှစ်ထိထောင်ဒဏ် တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ် လည်းချမှတ်နိုင်သည်။
| ရှင်းလင်းချက် ၁။ | အသက်ဆယ့်ရှစ်နှစ်အောက် မိန်းမတစ်ဦးကို ဝယ်ယူသော သို့မဟုတ် ငှားယူသော သို့မဟုတ် အခြားနည်းလက်ရှိရယူသော ပြည့်တန်ဆာဖြစ်စေ၊ ပြည့်တန်ဆာ အိမ်ထားရှိသောသူ သို့မဟုတ် စီမံကြီးကြပ်သောသူဖြစ်စေ ထိုသို့မပြုကြောင်း သက်သေထင်ရှားမရှိသမျှ ထိုမိန်းမအား ပြည့်တန်ဆာကိစ္စအလို့ငှာ အသုံးပြုရန် အကြံဖြင့် လက်ရှိရယူသည်ဟု မှတ်ယူရမည်။ |
| ရှင်းလင်းချက် ၂။ | “မတရားသဖြင့် ကာမစပ်ယှက်ခြင်း” ဆိုသည်မှာ ပုဒ်မ ၃၇၂ ပါ အဓိပ္ပာယ်နှင့် ထပ်တူဖြစ်သည်။ |