ဝန်ကြီးဌာန သို့မဟုတ် ယင်းကတာဝန်ပေးအပ်သော ဌာန၊ အဖွဲ့အစည်းသည် နိုင်ငံတော်ကာကွယ် ရေးနှင့် လုံခြုံရေးကိစ္စများအတွက်သော်လည်းကောင်း၊ အများပြည်သူများ၏ အကျိုးအတွက်သော် လည်းကောင်း လုပ်ငန်းလိုင်စင်ရရှိသူတစ်ဦးဦးက လုပ်ကိုင်လျက်ရှိသော ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းတစ်ရပ်ရပ်အတွင်း ဝန်ဆောင်မှုပြုလုပ်နေမှုကို လိုအပ်ပါက ဝင်ရောက်ကြည့်ရှုစစ်ဆေးခြင်း၊ ကြီးကြပ်ခြင်းနှင့် စာတမ်းအမှတ်အသားတို့ကို တင်ပြစေခြင်းပြုနိုင်သည်။