ပုဒ်မ ၁၄၅
ပုဒ်မ ၁၄၅
အခကြေးငွေ၊ ကုန်ကျစရိတ် အစရှိသည်များ ပြန်လည်ရယူကောက်ခံခြင်း

 (က) သက်ဆိုင်ရာဘဏ်ထံမှ ဗဟိုဘဏ်သည် အောက်ပါတို့ကို ကြွေးမြီတစ်ရပ်အဖြစ် ပြန်လည်ရ ယူကောက်ခံခွင့် ရှိစေရမည်-

(၁) ပုဒ်မ ၁၄၊ ပုဒ်မခွဲ (ခ)အရ ပေးချေရမည့် အခကြေးငွေတစ်ရပ်ရပ်၏ ငွေပမာဏ၊

(၂) ဘဏ်က အောက်ဖော်ပြပါ ပုဂ္ဂိုလ်တစ်ဦးဦးအား ပေးချေရမည့် အခကြေးငွေနှင့် ကုန်ကျစရိတ် တစ်ရပ်ရပ်-

(ကက) ခန့်အပ်သည့် စာရင်းစစ်၊

(ခခ) ပုဒ်မ ၉၆ ၊ ပုဒ်မခွဲ (က) ၊ ပုဒ်မခွဲငယ် (၁၈)အရ ခန့်အပ်သည့် အုပ်ချုပ်သူ တစ်ဦး၊

(၃) ဤဥပဒေအရ ဘဏ်ကပေးချေရမည့် ငွေရေးကြေးရေး ပြစ်ဒဏ်တစ်ရပ်ရပ်။

(ခ) ဤပုဒ်မအရ ပြန်လည်ရရှိမည့် ဒဏ်ကြေးငွေတစ်ရပ်ရပ်ကို ပြန်လည်ရရှိရန် ဆောင်ရွက်မှုသည် ထိုသို့ ဆောင်ရွက်သည့်နေ့မှ ခြောက်နှစ်ထက် မကျော်လွန်စေရ။