ကော်မရှင်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုချင်းစီအလိုက် လွှတ်တော်မဲဆန္ဒနယ်များကို သတ်မှတ်ရာတွင် -
(က) လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကျစီကို မဲအများဆုံးရသူအနိုင်ယူစနစ်ဖြင့် ရွေးကောက် တင်မြှောက်ရန်အတွက် မြို့နယ်တစ်မြို့နယ်လျှင် မဲဆန္ဒနယ်တစ်နယ် သတ်မှတ်ပေးရမည်။
(ခ) ကျန်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအတွက် မြို့နယ်တစ်မြို့နယ်လျှင် တစ်ဦးကျဖြင့် အချိုးကျ ကိုယ်စားပြုစနစ်ဖြင့် ရွေးကောက်တင်မြှောက်နိုင်ရန် မြို့နယ်များကို စုစည်း၍ မဲဆန္ဒနယ်များ သတ်မှတ်ပေးရမည်။
(ဂ) ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၆၁ ပုဒ်မခွဲ (ခ) နှင့် ပုဒ်မခွဲ (ဂ) တို့အရ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် ရွေးကောက်တင်မြှောက်ခွင့်ရှိသည့် တိုင်းရင်းသားလူမျိုးတစ်မျိုးစီအတွက် မဲဆန္ဒနယ်သတ်မှတ်ရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုလုံးကို မဲဆန္ဒနယ် တစ်နယ်စီအဖြစ် သတ်မှတ်ရမည်။