ပုဒ်မ ၁၆
ပုဒ်မ ၁၆
လိုင်စင်ရရှိသူ၏တာဝန်များ

လုပ်ငန်းလိုင်စင်ရရှိသူသည်-

(က) ဤဥပဒေအရ သတ်မှတ်ခွင့်ပြုထားသည့် လှိုင်းနှုန်းစဉ်လျာထားချက်နှင့်အညီ လိုက်နာဆောင်ရွက် ရမည်။

(ခ) လုပ်ငန်းလိုင်စင်မရရှိသေးသည့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတစ်ရပ်ရပ်ကို တိုးချဲ့လုပ်ကိုင် လိုလျှင်ဖြစ်စေ၊ အခြားလုပ်ငန်းလိုင်စင်ရရှိသူနှင့် ဖက်စပ်လုပ်ငန်းလုပ်ကိုင်လိုလျှင်ဖြစ်စေ၊ ပူးပေါင်း၍ လုပ်ကိုင်လိုလျှင်ဖြစ်စေ အခန်း (၃) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ခွင့်ပြုချက်နှင့် လုပ်ငန်းလိုင်စင်ကို ထပ်မံရယူရမည်။

(ဂ) အခြားဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းအား စက်မှုပိုင်းဆိုင်ရာအရ အနှောင့်အယှက်ပြုကြောင်း စစ်ဆေးတွေ့ရှိချက်အရ သို့မဟုတ် အကြောင်းကြားချက်အရ လိုအပ်သည့် မွမ်းမံပြင်ဆင်မှုများ ဆောင်ရွက်စေရန်ဖြစ်စေ၊ ယင်းဝန်ဆောင်မှုလုပ်ငန်းတစ်ရပ်ရပ်အား ယာယီရပ်ဆိုင်းစေရန်ဖြစ်စေ ညွှန်ကြားသည့်အခါ လိုက်ဆောင်ရွက်ရမည်။