မည်သူမဆို လိမ်လည်အတုပြုထားသော စာတမ်းအမှတ်အသားဖြစ်ကြောင်း မိမိသိလျက်နှင့်သော် လည်းကောင်း၊ ထိုသို့ ဖြစ်ကြောင်းယုံကြည်ရန် အကြောင်းရှိလျက်နှင့်သော်လည်းကောင်း ထိုစာတမ်း အမှတ်အသားကို လိမ်လည်လိုသည့်သဘောဖြင့်ဖြစ်စေ၊ မရိုးမဖြောင့် သော သဘောဖြင့်ဖြစ်စေ အစစ် အမှန်အနေဖြင့် အသုံးပြုလျှင် ထိုစာတမ်းအမှတ်အသားကို မိမိကိုယ်တိုင် လိမ်လည်အတုပြုသကဲ့သို့ ထိုသူအား ပြစ်ဒဏ်ချမှတ်ရမည်။