ပုဒ်မ ၁၀
ပုဒ်မ ၁၀
အနက်အဓိပ္ပါယ် ဖွင့်ဆိုချက်များ

ဥပဒေတရပ်ရပ်အရ အကြောင်းကြားစာ၊ ဆင့်စာ၊ ပေးစာတခုခုကို စာပို့တိုက်မှတဆင့် ပို့ခွင့်ပြုသည့် အခါ ထိုစာကိုမှန်ကန်စွာ လိပ်တပ်ပြီးနောက် စာပို့တိုက်ကမှတ်ပုံတင် ပြုလုပ်၍ပို့ခြင်းသည် ယင်းသို့ ပို့ခြင်းဖြစ်သည်ဟု မှတ်ယူရမည်။ထိုသို့ပို့ခြင်း မဟုတ်ကြောင်း သက်သေထင်ရှားအောင် မပြနိုင်လျှင်ထိုစာကို စာပို့တိုက်က သာမန်အားဖြင့် ဝေငှပေးအပ်သင့်သည့် အချိန်တွင် ပို့ပြီးဖြစ်သည်ဟု မှတ်ယူရမည်။