ပုဒ်မ ၂၁
ပုဒ်မ ၂၁
လိုင်စင်ထုတ်ပေးခြင်းနှင့် မှတ်ပုံတင်ခြင်း

ဦးစီးဌာနသည် ပုဒ်မ ၂၀ အရ လျှောက်ထားချက်ကို သတ်မှတ်ချက်နှင့်အညီ စိစစ်ပြီး အောက်ပါ အတိုင်း ဆောင်ရွက်ရမည်-

(က) လျှောက်ထားချက်သည် သတ်မှတ်ချက်နှင့် ကိုက်ညီပါက လျှောက်ထားသူကို လိုင်စင်ကြေး ပေးသွင်းစေ၍ လိုင်စင်ထုတ်ပေးခြင်း၊

(ခ) သတ်မှတ်ချက်နှင့်ကိုက်ညီမှုမရှိပါက လျှောက်ထားသူကို ပြင်ဆင်လျှောက်ထားစေခြင်း သို့မဟုတ် လိုင်စင်ထုတ်ပေးရန် ငြင်းပယ်ခြင်း။