ဥပဒေပြဋ္ဌာန်းချက်တရပ်ကို ရုပ်သိမ်းပြီးနောက် ယင်းဥပဒေပြဋ္ဌာန်းချက်ပါ ကိစ္စများနှင့်စပ်လျဉ်း၍ ဥပဒေပြဋ္ဌာန်းချက် အသစ်တရပ် ပြဋ္ဌာန်းလိုက်သည့်အခါ အဆိုပါ ရုပ်သိမ်းခြင်းခံရသော ဥပဒေပြဋ္ဌာန်း ချက်အရ ပြုလုပ်ခဲ့သော နည်းဥပဒေ၊ စည်မျဉ်းဥပဒေ၊ စည်းကမ်းဥပဒေ၊ အမိန့်ကြော်ငြာစာနှင့်တကွ ရာထူးခန့်ထားမှုအသီးသီးသည် ဥပဒေပြဋ္ဌာန်းချက်အသစ်နှင့် မဆန့်ကျင်သမျှ ဆက်လက်အာဏာ တည်စေ ရမည်