တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ သို့မဟုတ် ပြည်ထောင်စုနယ်မြေ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီသည် အမျိုးသားကော်မတီ၏ လမ်းညွှန်ချက်ဖြင့် ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသော ကလေးသူငယ်ကို အခြားနည်းလမ်းဖြင့် လွှဲပြောင်းဆောင်ရွက်ခြင်းပြုရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်ရုံး၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးတို့နှင့် ညှိနှိုင်းပြီး သက်ဆိုင်ရာမြို့နယ်အဆင့်အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ သင့်လျော်သော တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့် မြို့နယ်ညှိနှိုင်းဖြေရှင်းရေးအဖွဲ့များ ဖွဲ့စည်းရမည်။