ပုဒ်မ ၉၉
ပုဒ်မ ၉၉
အယူခံခြင်း

(က) လူမှုဝန်ထမ်းဦးစီးဌာနက ချမှတ်သော အောက်ပါအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်တစ်ရပ်ရပ်ကို မကျေနပ်သူသည် ထိုအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို ချမှတ်သည့် နေ့မှရက်ပေါင်း ၆၀ အတွင်း ဝန်ကြီးဌာနသို့ အယူခံဝင်နိုင်သည်-

(၁) ပုဒ်မ ၁၅၊ ပုဒ်မခွဲ (ခ) အရ တည်ထောင်ခွင့်ပြုမိန့် ထုတ်ပေးရန် ချမှတ်သောအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်၊

(၂) ပုဒ်မ ၁၇ အရ ချမှတ်သော စီမံခန့်ခွဲရေးဆိုင်ရာ အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်၊

(၃) ပုဒ်မ ၃၁ အရ မွေးစားမိဘက မွေးစားခြင်းဆိုင်ရာ တာဝန်ကို လိုက်နာရန်ပျက်ကွက်မှု သို့မဟုတ် စည်းကမ်းချက် သို့မဟုတ် တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်မှုအတွက် ချမှတ်သော စီမံခန့်ခွဲရေး ဆိုင်ရာအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်၊

(၄) ပုဒ်မ ၉၈၊ ပုဒ်မခွဲ (ခ) အရ ချမှတ်သော အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်။

(ခ) ဝန်ကြီးဌာနသည် ပုဒ်မခွဲ (က) အရ အယူခံမှုကို စိစစ်ပြီး လူမှုဝန်ထမ်းဦးစီးဌာနက ချမှတ်သည့် အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပယ်ဖျက်ခြင်း သို့မဟုတ် ပြင်ဆင်ခြင်း ပြုနိုင်သည်။

(ဂ) ဝန်ကြီးဌာန၏ အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်သည်