ပုဒ်မ ၄၈၈
ဆိုခဲ့သော အစစ်အမှန်မဟုတ်သော အမှတ်အသားကို သုံးစွဲသည့်အတွက်ပြစ်ဒဏ်
မည်သူမဆို အထက်ပုဒ်မအရ တစ်နည်းနည်းဖြင့် တားမြစ်ထားသော အဆိုပါ အစစ်အမှန်မဟုတ် သော အမှတ်အသားကို သုံးစွဲသည်တွင် လိမ်လည်လှည့်ဖြားလိုသော ကြံရွယ်ချက်မရှိဘဲ မိမိပြုလုပ် ကြောင်း ထင်ရှားအောင် သက်သေမပြနိုင်လျှင် ထိုသူကို ထိုပုဒ်မအရ ပြစ်မှုကျူးလွန်သကဲ့သို့ ပြစ်ဒဏ် ချမှတ်ရမည်။
ကျင့်ထုံး
- ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
- သာမန်အားဖြင့် သမ္မာန်စာကို မထမဦးစွာ ထုတ်ရမည်။
- အာမခံ ပေးရမည်။
- ကျေအေးခွင့် မရှိ
- စက်ရှင်တရားရုံး သို့မဟုတ် မည်သည့် တရားသူကြီးမဆို စစ်ဆေးနိုင်သည်။
Related Law