ပုုဒ်မ ၂၁
ပုုဒ်မ ၂၁
ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ

ညွှန်ကြားရေးမှူးချုပ်သည် ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် -

(က) လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်ကိုဖြစ်စေ၊ နိုင်ငံတကာကုန်သွယ်မှုတွင် ကာကွယ်ထိန်းချုပ်သည့် တိရစ္ဆာန်ကိုဖြစ်စေ သိပ္ပံဆိုင်ရာသုတေသနပြုလုပ်နိုင်ရေးအတွက် သုတေသန ပြုလုပ်ခွင့်ရသော ပြည်တွင်း သို့မဟုတ် ပြည်ပမှအစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ရပ်ရပ် သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးအား စည်းကမ်းချက်များ သတ်မှတ်၍ ဖမ်းဆီးခွင့်၊ သယ်ဆောင်ခွင့် သို့မဟုတ် လက်ဝယ်ထားခွင့်ပြုနိုင်သည်။

(ခ) သုတေသနပြုလုပ်ခွင့်ရသူအား ကာကွယ်ထားသည့် သဘာဝအပင်ကို စမ်းသပ်ခြင်း၊ မျိုးပွားခြင်းစသည့် သိပ္ပံဆိုင်ရာသုတေသနပြုလုပ်နိုင်ရေးအတွက် သဘာဝထိန်းသိမ်းရေး နယ်မြေမှ ထုတ်ယူခွင့်၊ သယ်ဆောင်ခွင့် သို့မဟုတ် လက်ဝယ်ထားခွင့်ပြုနိုင်သည်။

(ဂ) မျိုးဆက်ပျက်သုဉ်းမည့် အန္တရာယ်ရှိသဖြင့် ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ၊ ယင်းတို့၏ အစိတ်အပိုင်းနှင့် ယင်းတို့ပါရှိသည့် ဆင့်ပွားထုတ်လုပ်ထား သောပစ္စည်းများကို သုတေသနလုပ်ငန်းအတွက်ဖြစ်စေ၊ သိပ္ပံနည်းကျအမျိုးအမည် ခွဲခြားရန် ဖြစ်စေ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ရပ်ရပ် သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးအား ပြည်ပသို့တင်ပို့ခွင့် သို့မဟုတ် သယ်ဆောင်ခွင့်ပြုနိုင်သည်။

(ဃ) ပြည်ပမျိုးတောရိုင်းတိရစ္ဆာန်များကို သိပ္ပံဆိုင်ရာသုတေသနပြုလုပ်နိုင်ရေးအတွက် သုတေသနပြုလုပ်ခွင့်ရသော ပြည်တွင်း သို့မဟုတ် ပြည်ပမှအစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ရပ်ရပ် သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးအား စည်းကမ်း သတ်မှတ်ချက်ဖြင့် တင်သွင်းခွင့် သို့မဟုတ် လက်ဝယ်ထားခွင့်ပြုနိုင်သည်။

(င) ပြည်ပမျိုးသဘာဝအပင်ကို သိပ္ပံဆိုင်ရာသုတေသနပြုလုပ်နိုင်ရေးအတွက် သုတေသန ပြုလုပ်ခွင့်ရသူအား စည်းကမ်းချက်များသတ်မှတ်၍ စမ်းသပ်ခြင်း သို့မဟုတ် မျိုးပွားခြင်း ပြုလုပ်နိုင်ရန် တင်သွင်းခွင့်၊ သယ်ဆောင်ခွင့် သို့မဟုတ် လက်ဝယ်ထားခွင့်ပြုနိုင်သည်