(က) မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၇၅ အပြင် ဤအခန်းပါ ပြဋ္ဌာန်းချက်များသည် ချေးငွေ ဆိုင်ရာ သတင်းအချက်အလက်နှင့် သက်ဆိုင်သည့် ကိစ္စရပ်များနှင့် သက်ဆိုင်စေရမည်။
(ခ) ဗဟိုဘဏ်သည် နိုင်ငံတော်ရှိ ဘဏ်အားလုံး၊ ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများ နှင့်အခြားငွေရေးကြေးရေး အဖွဲ့အစည်းများ၏ ဆက်သွယ်ဆောင်ရွက်သူများ၏ ချေးငွေပြန်လည် ပေးဆပ်မှုမှတ်တမ်းနှင့် စပ်လျဉ်း၍ သတင်း အချက်အလက်များ စုဆောင်းပြီး ပြန်လည်ဖြန့်ဖြူး ပေးသည့် ချေးငွေသတင်းအချက်အလက်ဌာနတစ်ခုကို တည်ထောင်ခြင်း ဖြစ်စေ၊ တည်ထောင်ခွင့်ကို ဖြစ်စေ ပြုနိုင်သည်။
(ဂ) ဗဟိုဘဏ်သည် ငွေချေးပေးရန် ထိုက်တန်သူဖြစ်ကြောင်း ရည်ညွှန်းပေးသည့် စနစ်အရ လိုအပ်သည့် သတင်းအချက်အလက် များကို အစီရင်ခံတင်ပြရန် ချေးငွေထုတ်ချေးသည့် လုပ်ငန်းဆောင်ရွက်နေသည့် ချေးငွေအဖွဲ့အစည်းတစ်ရပ်ရပ်နှင့် အခြားအဖွဲ့ အစည်း တစ်ရပ်ရပ်တို့အား ညွှန်ကြားနိုင်သည်။
(ဃ) ဘဏ်များ၊ ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် အခြားအဖွဲ့အစည်းများသည် ချေးငွေသတင်း အချက်အလက်ဌာနသို့ တင်ပြသော သတင်းအချက်အလက်များ မှန်ကန်မှုရှိစေရန် ဆောင်ရွက်ရမည်။