ပုဒ်မ ၂၅၂
ပုဒ်မ ၂၅၂
လက်ဝယ်ရရှိစဉ်က ပြောင်းလဲ ထားသော ဒင်္ဂါးမှန်းသိလျက်နှင့် လက်ဝယ်ထားရှိခြင်း

မည်သူမဆို ပုဒ်မ ၂၄၆ တွင်ဖြစ်စေ၊ ပုဒ်မ ၂၄၈ တွင်ဖြစ်စေ ဖော်ပြပါရှိသည့် ပြစ်မှုကို ကျူးလွန်၍ ပြုထားသော ဒင်္ဂါးကို လက်ရှိထားရာ လက်ဝယ်ရရှိစဉ်က ထိုဒင်္ဂါးနှင့်စပ်လျဉ်း၍ ပြစ်မှုကျူးလွန် ပြီးကြောင်းသိလျက်နှင့် လိမ်လည်လှည့်ဖြားလိုသော သဘောဖြင့်ဖြစ်စေ၊ လိမ်လည်လှည့်ဖြားမှုကို ကျူးလွန်နိုင်စေရန် အကြံဖြင့်ဖြစ်စေ ထိုဒင်္ဂါးကိုလက်ရှိထားလျှင် ထိုသူကို သုံးနှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုး ချမှတ် ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။
  3. အာမခံ မပေးနိုင်
  4. ကျေအေးခွင့် မရှိ
  5. ခရိုင်တရားရုံး သို့မဟုတ် ပထမတန်း သို့မဟုတ် ဒုတိယတန်း အာဏာရ တရားသူကြီးက စစ်ဆေးနိုင်သည်။