ပုဒ်မ ၄၅၈
ပုဒ်မ ၄၅၈
နာကျင်စေမှု၊ လက်ရောက်မှု သို့မဟုတ် မတရားတားဆီးမှုကျူးလွန်ရန် ပြင်ဆင်ပြီးနောက် ညဉ့်အချိန် ပုန်းလျှိုးအိမ်ကျော်နင်းမှု သို့မဟုတ် ညဉ့်အချိန် အိမ်ဖောက်ထွင်းမှု။

မည်သူမဆို သူတစ်ဦးဦးအား နာကျင်စေမှုကျူးလွန်ရန်သော်လည်းကောင်း၊ လက်ရောက်မှု ကျူးလွန်ရန်သော်လည်းကောင်း၊ မတရားတားဆီးမှု ကျူးလွန်ရန်သော်လည်းကောင်း သူတစ်ဦးဦးကို နာကျင်စေမည်ဟု သို့မဟုတ် လက်ရောက်မှုပြုမည်ဟု သို့မဟုတ် မတရားတားဆီးမှုပြုမည်ဟု ကြောက်ရွံ့အောင် ပြုရန်သော်လည်းကောင်း ပြင်ဆင်ပြီးနောက် ညဉ့်အချိန် ပုန်းလျှိုးအိမ်ကျော်နင်းမှုကိုဖြစ်စေ၊ ညဉ့်အချိန် အိမ်ဖောက်ထွင်းမှုကိုဖြစ်စေ ကျူးလွန်လျှင် ထိုသူကို ဆယ့်လေးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။ 
  3.  အာမခံ မပေးနိုင်
  4. ကျေအေးခွင့် မရှိ

ခရိုင်တရားရုံး သို့မဟုတ် ပထမတန်း သို့မဟုတ် ဒုတိယတန်း အာဏာရ တရားသူကြီးက စစ်ဆေးနိုင်သည်။