ပုဒ်မ ၁၅၅
ပုဒ်မ ၁၅၅
စီမံခန့်ခွဲရေး နည်းလမ်းအရ အရေးယူခြင်း

(က) ပုဒ်မ ၁၅၄ အရ စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခံရသူသည် ပြစ်ဒဏ်ချမှတ်ခံရသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ဗဟိုဘဏ်၏ ဒါရိုက်တာအဖွဲ့သို့ အယူခံနိုင်သည်။

(ခ) ပုဒ်မခွဲ (က)အရ အယူခံမှုအပေါ် ဗဟိုဘဏ်ဒါရိုက်တာအဖွဲ့၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည်ဖြစ်သည်။