ပုဒ်မ ၇၁
ပုဒ်မ ၇၁
အခြားနည်းလမ်းဖြင့် လွှဲပြောင်းဆောင်ရွက်ခြင်း

ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသော ကလေးသူငယ်နှင့် ပတ်သက်၍-

(က) အခြားနည်းလမ်းဖြင့် လွှဲပြောင်းဆောင်ရွက်ခြင်း လုပ်ငန်းစဉ်ဆောင်ရွက်ရန် သင့် မသင့် အောက်ပါ အချက်များကို ထည့်သွင်းစဉ်းစားရမည်-

(၁) ကျူးလွန်သည့် ပြစ်မှု၏သဘာဝ၊ ကျူးလွန်ရသည့် အကြောင်းရင်းနှင့် အခြေအနေ၊

(၂) ထိုပြစ်မှုမျိုးကို မကြာခဏ ကျူးလွန်လေ့ရှိ မရှိ၊

(၃) ကလေးသူငယ်၏ အသက်အရွယ် အသိဉာဏ်ဖွံ့ဖြိုးမှု၊ ရင့်ကျက်မှု အခြေအနေ၊

(၄) မိသားစု အနေအထားနှင့် ပတ်ဝန်းကျင်လွှမ်းမိုးမှု အခြေအနေ၊

(၅) ပြစ်မှုကျူးလွန်ခြင်းခံရသူ၏ ထိခိုက်နစ်နာမှုကို ပြုပြင်ကုစားပေးနိုင်မှု ရှိ မရှိ၊

(၆) ကလေးသူငယ်က ပြစ်မှုကျူးလွန်ကြောင်း သက်သေအထောက်အထား ခိုင်လုံမှု ရှိ မရှိ၊

(၇) ရပ်ရွာလူမှုအဖွဲ့အစည်း ဘေးကင်းလုံခြုံမှု ရှိနိုင် မရှိနိုင်။

(ခ) အခြားနည်းလမ်းဖြင့် လွှဲပြောင်းဆောင်ရွက်ခြင်းလုပ်ငန်းစဉ်ကို ဆောင်ရွက်ရန် သင့်ပါက ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခြင်းမပြုမီ အဆင့်တွင်ဖြစ်စေ၊ ရဲတပ်ဖွဲ့က အမှုစုံစမ်းစစ်ဆေးသည့်အဆင့်တွင်ဖြစ်စေ ဤအခန်းပါ ပြဋ္ဌာန်းချက်များနှင့်အညီ သက်ဆိုင်ရာအဆင့်အလိုက် ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်သည်။