မည်သူမဆို လယ်ယာစိုက်ပျိုးလုပ်ကိုင်ခြင်းကိစ္စအတွက်ဖြစ်စေ၊ လူများ သို့မဟုတ် ပိုင်ရှင်ရှိ တိရစ္ဆာန်များ စားသောက်ခြင်းကိစ္စအတွက်ဖြစ်စေ၊ သန့်ရှင်းရေးအတွက်ဖြစ်စေ၊ ကုန်ထုတ်လုပ်ငန်း အတွက်ဖြစ်စေ ရေရရှိရေးလျော့ပါးစေသော ပြုလုပ်မှုကို သို့မဟုတ် ထိုသို့ လျော့ပါးစေတန်ရာသည်ကို မိမိသိသော ပြုလုပ်မှုကို ပြုလုပ်ခြင်းဖြင့် အကျိုးဖျက်ဆီးမှုကို ကျူးလွန်လျှင် ထိုသူကို ငါးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။