ပုဒ်မ ၂၆၉
ပုဒ်မ ၂၆၉
အသက်အန္တရာယ်ဖြစ်စေတတ်သည့် ကူးစက်တတ်သော ရောဂါမျိုး ပြန့်ပွားစေတန်ရာသည့်ပေါ့လျော့မှု

မည်သူမဆို အသက်အန္တရာယ်ဖြစ်စေတတ်သည့် ကူးစက်တတ်သောရောဂါမျိုး ပြန့်ပွားစေတန်ရာ သော သို့မဟုတ် ထိုသို့ ပြန့်ပွားစေတန်ရာသည်ကို မိမိသိသော သို့မဟုတ် ထိုသို့ယုံကြည်ရန် အကြောင်းရှိသော ဥပဒေနှင့်ဆန့်ကျင်မှုကိုသော်လည်းကောင်း၊ ပေါ့လျော့မှုကိုသော်လည်းကောင်းပြုလျှင် ထိုသူကိုခြောက်လထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ် ရမည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
  2. သာမန်အားဖြင့် သမ္မာန်စာကို မထမဦးစွာ ထုတ်ရမည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ.
  5. မည်သည့်  တရားသူကြီးမဆို စစ်ဆေးနိုင်သည်