မည်သူမဆို ဆက်သွယ်ရေးနှင့် စပ်လျဉ်း၍ တရားစွဲဆိုခြင်းကိစ္စနှင့် တရားရုံးအမိန့်အရ ထုတ် ဖော်ပြသရန် ခွင့်ပြုထားသည့်ကိစ္စများမှအပ ယုံကြည်စိတ်ချရသောစနစ်ဖြင့်ဖြစ်စေ၊ လျှို့ဝှက်စနစ်ဖြင့် ဖြစ်စေထားရှိသော သတင်းအချက်အလက်ကို ယင်းတို့နှင့်သက်ဆိုင်ခြင်းမရှိသည့် အခြားသူ တစ်ဦးဦးသို့ တစ်နည်းနည်းဖြင့် ထုတ်ဖော်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား တစ်နှစ် ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။