ပုဒ်မ ၄၉၈
ပုဒ်မ ၄၉၈
ရာဇဝတ်မကင်းသော ကြံရွယ်ချက်ဖြင့် ထိမ်းမြားပြီးသောအမျိုးသမီးကို ဖြားယောင်းပြီးထွက်သွားစေခြင်း သို့မဟုတ် ခေါ်ဆောင်ခြင်း သို့မဟုတ် ထိန်းသိမ်းခြင်း

မည်သူမဆို လင်ရှိမယားလည်းဖြစ်၍ လင်ရှိမယားဖြစ်ကြောင်း မိမိသိသည်လည်းဖြစ်သော သို့မဟုတ် ထိုသို့ဖြစ်ကြောင်း မိမိယုံကြည်ရန် အကြောင်းရှိသည်လည်းဖြစ်သော မိန်းမကို သူတစ်ဦးဦးနှင့် မတရားကာမစပ်ယှက်ခြင်း ပြုစေရန် ကြံရွယ်ချက်ဖြင့် ထိုမိန်းမ၏ လင်ထံမှဖြစ်စေ၊ ထိုလင်၏ ကိုယ်စား ထိန်းသိမ်းစောင့်ရှောက်သူထံမှဖြစ်စေ ခေါ်ဆောင်သွားလျှင် သို့မဟုတ် ဖြားယောင်းခြင်းအားဖြင့် ထွက်သွားစေလျှင် သို့မဟုတ် ထိုကြံရွယ်ချက်ဖြင့် ထိုမိန်းမကို ဝှက်ထားလျှင် သို့မဟုတ် ထိန်းသိမ်းလျှင် ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိ
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။ 
  3.  အာမခံ ပေးရမည်။
  4.  ကျေအေးခွင့် ရှိသည်။
  5. မည်သည့်  တရားသူကြီးမဆို စစ်ဆေးနိုင်သည်။