(က) ဗဟိုဘဏ်သည် နိုင်ငံတော်၏ ငွေပေးချေမှု မူဝါဒအကောင်အထည်ဖော်ရေးကို စနစ်တကျ စီစဉ်ဖော်ထုတ်ခွင့်၊ ချမှတ်ကျင့်သုံးခွင့်နှင့် စောင့်ကြပ်ကြည့်ရှုခွင့် လုပ်ပိုင်ခွင့်များရှိသည်။
(ခ) လုံခြုံမှုနှင့် ထိရောက်မှုရှိသော ငွေပေးချေမှုစနစ် တိုးမြှင့်ဆောင်ရွက်ရေးတွင် ဗဟိုဘဏ်သည် အခြား နိုင်ငံများ၏ ဗဟိုဘဏ်များနှင့်ဖြစ်စေ၊ အဆင့်တူအဖွဲ့အစည်းများ၊ အခြားသက်ဆိုင်ရာ ပြည်တွင်းပြည်ပ အာဏာပိုင်အဖွဲ့အစည်းများနှင့် ဖြစ်စေ ပူးပေါင်းဆောင်ရွက်ရမည်။