အုပ်ချုပ်ရေးမှူးသည် သဘာဝထိန်းသိမ်းရေးနယ်မြေအတွင်းဖြစ်စေ၊ အစိုးရအဖွဲ့က စီမံအုပ်ချုပ်သည့် သို့မဟုတ် အစုရှယ်ယာမတည်ငွေရင်းပါဝင်သည့် တိရစ္ဆာန်ဥယျာဉ် သို့မဟုတ် ရုက္ခဗေဒဥယျာဉ်အတွင်းဖြစ်စေ အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်သူအား အနည်းဆုံး ကျပ်သုံးသောင်းမှ အများဆုံး ကျပ်တစ်သိန်းအထိ ဒဏ်ကြေးငွေကို ပေးဆောင်စေရန် စီမံခန့်ခွဲ ရေးဆိုင်ရာ အမိန့်ချမှတ်နိုင်သည် -
(က) လုံးဝတားမြစ်ထားသောနေရာသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်း၊
(ခ) ခွင့်ပြုချက်မရှိဘဲ စီးပွားရေးအလို့ငှာ ရုပ်ရှင် သို့မဟုတ် ဗီဒီယိုရိုက်ကူးခြင်း၊
(ဂ) မြေကိုတူးဆွခြင်း၊ ထွန်ယက်စိုက်ပျိုးခြင်း သို့မဟုတ် လုပ်ငန်းတစ်ခုခုလုပ်ကိုင်ခြင်း၊
(ဃ) သဘာဝအပင် သို့မဟုတ် စိုက်ပျိုးထားသည့် အပင်တစ်မျိုးမျိုးကို ထုတ်ယူခြင်း၊ စုဆောင်း ခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် ဖျက်ဆီးခြင်း။