ကလေးသူငယ်တိုင်းသည် အသက်အရွယ်အလိုက် အောက်ပါကျင့်ဝတ်စည်းကမ်းများကို လိုက်နာ ကျင့်ကြံစောင့်ထိန်းရမည်-
(က) တရားဥပဒေကို စောင့်ထိန်းလိုက်နာခြင်း၊
(ခ) အသက်အရွယ်နှင့် ရင့်ကျက်မှုရှိလာသည်နှင့်အမျှ မိဘ၊ အုပ်ထိန်းသူတို့၏ ဆုံးမသွန်သင်ပေးမှုကို လေးစားလိုက်နာကာ မိမိ၏အခွင့်အရေးများကို လက်ခံကျင့်သုံးခြင်း၊
(ဂ) မိဘ၊ အုပ်ထိန်းသူနှင့် ဆရာ၊ ဆရာမများ၏ သွန်သင်မှုကိုခံယူပြီး ပညာသင်ယူခြင်း၊
(ဃ) ကျောင်းစည်းကမ်းနှင့် ရပ်ရွာစည်းကမ်းများကိုလည်းကောင်း၊ လူမှုရေးစည်းကမ်းနှင့် ဘာသာရေး ကျင့်ဝတ်များကိုလည်းကောင်း လေးစားလိုက်နာပြီး ရပ်ရွာအတွင်းတာဝန်သိသူတစ်ဦးအဖြစ် နေထိုင် ကျင့်ကြံခြင်း၊
(င) မိမိရပ်ရွာအသိုက်အဝန်း၏ ကောင်းမွန်သော အစဉ်အလာများ၊ တန်ဖိုးများ၊ ဘာသာစကား၊ ယုံကြည်ကိုးကွယ်မှု၊ ယဉ်ကျေးမှုတို့ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊
(စ) အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးသုံးစွဲခြင်း၊ လောင်းကစားခြင်း သို့မဟုတ် အခြားအကျင့်စာရိတ္တ ပျက်ပြားဖွယ်ရာ အမူအကျင့်များ မှ ရှောင်ကြဉ်ခြင်း။