ပုဒ်မ ၃၈
ပုဒ်မ ၃၈
မတည်ရင်းနှီးငွေ၊ သီးသန့်ရန်ပုံငွေနှင့် အဓိကကျသည့် ပိုင်ဆိုင်မှု

(က) နိုင်ငံခြားဘဏ်သည် ယင်း၏ဘဏ်ခွဲအတွက် သတ်မှတ်ထားသော အနည်းဆုံးမတည်ရင်းနှီး ငွေထားရှိရမည်။ ယင်းပမာဏမှာ နိုင်ငံခြားဘဏ်ခွဲကို ပြည်တွင်းဘဏ်တစ်ခုအဖြစ် တည်ထောင်၍ လိုင်စင်ပေးရာတွင် ထားရှိရမည့် အနည်းဆုံး ကနဦးမတည်ငွေရင်းပမာဏအတိုင်း ထားရှိရမည်။

(ခ) နိုင်ငံခြားဘဏ်က မိမိ၏ ဘဏ်ခွဲအတွက် ထိန်းသိမ်းထားရှိရမည့် သတ်မှတ်ထားသော မတည်ငွေ ရင်းကို ဗဟိုဘဏ်က သတ်မှတ်သည့်ပုံစံနှင့် နည်းလမ်းအတိုင်း ထိန်းသိမ်းထားရှိရမည်။