ဘဏ်လုပ်ငန်းဆောင်ရွက်သူသည် အောက်ပါအချက်များနှင့် ညီညွတ်ရမည်-
(က) မြန်မာနိုင်ငံတွင် ဥပဒေနှင့်အညီဖွဲ့စည်းထားသော ကုမ္ပဏီဖြစ်ပြီး ဗဟိုဘဏ်က ထုတ်ပေးသော တရားဝင်လိုင်စင် ရရှိထားခြင်း၊
(ခ) နိုင်ငံခြားဘဏ်၏ လက်အောက်ခံဘဏ် သို့မဟုတ် ဘဏ်ခွဲဖြစ်ပြီး ဗဟိုဘဏ်က ထုတ်ပေးထားသော တရားဝင်လိုင်စင် ရရှိထားခြင်း၊
(ဂ) ပုဒ်မ ၁၉ အရ ကင်းလွတ်ခွင့်ရရှိထားသူဖြစ်ခြင်း။