ပုဒ်မ ၃၅၅
အကြီးအကျယ်ဒေါသထွက်အောင်ပြုမှုကြောင့် မဟုတ်ဘဲ၊ အခြားအကြောင်းကြောင့် သူတစ်ဦးအား ဂုဏ်သရေညှိုးနွမ်းစေရန်အကြံဖြင့် လက်ရောက်မှု သို့မဟုတ် ရာဇဝတ်မကင်းသော အနိုင်အထက်ပြုမှု
မည်သူမဆို မိမိအား သူတစ်ဦးဦးက ရုတ်တရက်အကြီးအကျယ် ဒေါသထွက်အောင်ပြုမှုကြောင့် မဟုတ်ဘဲ အခြားအကြောင်းကြောင့် ထိုသူကိုဂုဏ်သရေညှိုးနွမ်းစေရန်အကြံဖြင့် လက်ရောက်မှုကျူးလွန် လျှင် သို့မဟုတ် ရာဇဝတ်မကင်းသော အနိုင်အထက်ပြုမှုကိုပြုလျှင် ထိုသူအား နှစ်နှစ်ထိထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
ကျင့်ထုံး
- ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိ
- သာမန်အားဖြင့် သမ္မာန်စာကို မထမဦးစွာ ထုတ်ရမည်။
- အာမခံ ပေးရမည်။
- ကျေအေးခွင့် ရှိသည်။
- မည်သည့်တရားသူကြီးမဆို စစ်ဆေးနိုင်သည်။
Related Law