ပုဒ်မ ၄၂၉
ပုဒ်မ ၄၂၉
တန်ဖိုးမည်မျှထိုက်တန်စေကာမူ ကျွဲ၊ နွားတိရိစ္ဆာန် စသည်တို့ကိုသော် လည်းကောင်း၊ ငါးထောင်ကျပ် သို့မဟုတ် ယင်း၏ အထက်တန်ဖိုးရှိသော တိရိစ္ဆာန်ကိုသော်လည်းကောင်း သတ်ခြင်းဖြင့် သို့မဟုတ် အင်္ဂါပျက်ယွင်းစေခြင်းဖြင့် အကျိုးဖျက်ဆီးမှု

မည်သူမဆို တန်ဖိုးမည်မျှ ထိုက်တန်စေကာမူ ဆင်၊ ကုလားအုပ်၊ မြင်း၊ လား၊ ကျွဲ၊ နွားသိုး၊ နွားမ သို့မဟုတ် နွားထီးကိုသော်လည်းကောင်း၊ ငါးထောင်ကျပ် သို့မဟုတ် ယင်း၏အထက်တန်ဖိုးရှိသော အခြားတိရစ္ဆာန်ကိုသော်လည်းကောင်း သတ်ခြင်းဖြင့်ဖြစ်စေ၊ အဆိပ်ခတ်ခြင်းဖြင့်ဖြစ်စေ၊ အင်္ဂါပျက်ယွင်း စေခြင်းဖြင့်ဖြစ်စေ၊ အသုံးမဝင်အောင်ပြုခြင်းဖြင့်ဖြစ်စေ အကျိုးဖျက်ဆီးမှုကို ကျူးလွန်လျှင် ထိုသူကို ငါးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးသော်လည်းကောင်း၊ ငွေဒဏ်သော်လည်းကောင်း၊ ဒဏ်နှစ်ရပ်လုံးသော် လည်းကောင်း ချမှတ်ရမည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့် ရှိသည်။
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။
  3. အာမခံ ပေးရမည်။        
  4. ကျေအေးခွင့် မရှိ
  5.  စက်ရှင်တရားရုံး သို့မဟုတ် မည်သည့် တရားသူကြီးမဆို စစ်ဆေးနိုင်သည်