ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်း ဆိုသည်မှာ အောက်ပါလုပ်ငန်းတစ်ရပ်ဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေလုပ်ကိုင်ဆောင်ရွက်ရန် ပုဒ်မ၂၀အရ မှတ်ပုံတင်ထားသည့် ငွေရေးကြေးရေး အဖွဲ့အစည်းများကို ဆိုသည်-
(၁) ငွေရေးကြေးရေးကုမ္ပဏီလုပ်ငန်း၊
(၂) အငှားချသည့်လုပ်ငန်း (Leasing) ၊
(၃) ကြွေးမြီများ ဝယ်ယူကောက်ခံသည့်လုပ်ငန်း (Factoring)၊
(၄) ချေးငွေတိုကင်လုပ်ငန်း (Credit token)၊
(၅) ငွေကြေးဝန်ဆောင်မှုလုပ်ငန်း၊
(၆) ဗဟိုဘဏ်က သတ်မှတ်သည့် အခြားချေးငွေဝန်ဆောင်မှု လုပ်ငန်းတစ်ခုခု။