ပုဒ်မ ၈၆
ပုဒ်မ ၈၆
အထွေထွေ

ဗဟိုကော်မတီ သို့မဟုတ် ဦးစီးကော်မတီသည်-

(က) အများပြည်သူ အကျိုးငှာ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် အစိုးရဌာန၊ အစိုးရအဖွဲ့ အစည်း သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးအား ဤဥပဒေအရ လိုအပ်သော ခွင့်ပြုချက်၊ လိုင်စင် သို့မဟုတ် မှတ်ပုံတင်ခြင်းတို့မှလည်းကောင်း၊ အခကြေးငွေများကို ပေးဆောင်ရခြင်းမှလည်းကောင်း ကင်းလွတ်ခွင့် ပြုနိုင်သည်။

(ခ) နိုင်ငံတော်အရေးပေါ် အခြေအနေနှင့် ဆက်နွှယ်သည့်ကိစ္စရပ်များ၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကိစ္စရပ်များနှင့် သက်ဆိုင်ပါက ပြည်ထောင်စုအစိုးရအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်ကို ရယူရန်မလိုဘဲ ဤဥပဒေအရ လိုအပ်သော ခွင့်ပြုချက် သို့မဟုတ် လိုင်စင်တို့ကို ရယူခြင်းမှလည်းကောင်း၊ အခကြေးငွေများကို ပေးဆောင်ရခြင်းမှလည်းကောင်း ကင်းလွတ်ခွင့်ပြုနိုင်သည်။

(ဂ) ပုဒ်မခွဲ (ခ) အရ ကင်းလွတ်ခွင့်ပြုသည့်ကိစ္စရပ်များကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ ပြန်လည်တင်ပြ ရမည်။